စာရေးသူ

အားလုံးမြင်နိုင်ရန်
Joe Stowell

ဂ်ိဳး စတိုး၀ဲ

ဂျိုး စတိုးဝဲ သည် မီချီဂန်ရှိ ကော်နာစတုံး တက္ကသိုလ်၏ ဥက္ကဌ ဖြစ်ပြီး Jesus Nation အပါအ၀င် စာအုပ် ပေါင်းများစွာကို ရေးသားခဲ့သည်။ ဆရာနှင့်ဇနီး ဆရာမ မာတီ တို့၌ သားသမီးသုံးဦးနှင့် မြေးများစွာရှိသည်။

စာမူ/ အကြောင်းအရာ များ ဂ်ိဳး စတိုး၀ဲ

ချစ်ကြင်နာသော ဘုရားသခင်၏အတူရှိနေခြင်း

ကျွန်ုပ်တို့၏ မိတ်ဆွေကောင်း စင်ဒီတစ်ယောက် ကင်ဆာရောဂါ ခံစားနေရကြောင်း ဆေးစစ်ချက်ရလဒ်ကို သိလိုက်ရသောအခါ စိတ်၌ ဆို့နင့်ခံစားသွားရသည်။ စင်ဒီသည် သူ့ဘ၀၌ တွေ့ကြုံရသူများအတွက် ကောင်းချီး ဖြစ်စေသူ၊ ရွှင်လန်းတက်ကြွစွာ နေတတ်သူ ဖြစ်သည်။ သူမ ပြန်လည်သက်သာလာသောအခါ သူ့အတွက် ကျွန်ုပ်တို့ ဇနီးမောင်နှံ ၀မ်းမြောက်ရသော်လည်း လအနည်းငယ် အကြာတွင် ကင်ဆာရောဂါက အငြိုးကြီးစွာ ပြန်ထလာ သည်။ ကျွန်ုပ်တို့၏စိတ်ထဲတွင်တော့ သူမ ငယ်သေးသည်ဟု တွေးမိခဲ့သည်။ သူဆုံးသွားသောအခါ သူ့ခင်ပွန်းက သူမ၏ နောက်ဆုံးအချိန်နှင့်ပတ်သက်၍   ပြောပြသည်။ အားနည်းလျက် စကားပြောရန် ခက်ခဲသောအချိန်၌ စင်ဒီက သူ့အား ‘‘ကျွန်မနဲ့အတူ ရှိနေပေးပါ’’ဟု တိုးညှင်းစွာ ပြောခဲ့သည်။  ဤမှောင်မိုက်သော အချိန်၌ အခြားအရာများထက် သူမပို၍လိုချင်ခဲ့သည့်အရာက သူ၏ ချစ်ခြင်းမေတ္တာနှင့် အတူရှိနေပေးခြင်းပင်ဖြစ်သည်။
ဟေဗြဲဩ၀ါဒစာကို ရေးသူက တရားဟောရာကျမ်း ၃၁း၆ ကို ကိုးကားလျက်…

သာမန်လူသားများ၏ ဘုရား

အခြားသူတစ်ဦးဦး၏အသက်တာ၌ ဘုရားရှင်က အံ့မခန်းပြုပေးသည့်အကြောင်း သက်သေခံချက်များကို ကြားရလျှင် ကျွန်ုပ်တို့အတွက် စိန်ခေါ်မှုဖြစ်သည်။ ဆုတောင်းချက် အဖြေရသည့်အကြောင်း ကြားသိရလျှင် ၀မ်းမြောက်ဝမ်းသာရသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်က မိမိအတွက် အံ့ဖွယ်အမှု ဘာကြောင့် လုပ်မပေးသေး တာလဲ ဟုလည်း တွေးမိကောင်း တွေးမိမည်။
ဘုရားသခင်က အာဗြဟံအတွက် ပြုပေးသကဲ့သို့ ကျွန်ုပ်တို့အတွက်လည်း အံ့ဖွယ်အမှုပြုကာ ကိုယ်ထင်ရှား  ပြခဲ့ပါက ကျွန်ုပ်တို့လည်း ဘုရားရှင်၏ သစ္စာရှိသောကျွန် ငယ်သားကောင်း ဖြစ်ရန်  ထိတွေ့နှိုးဆော်မှုဖြစ်မည်ဟု တွေးတတ်သည်။ သို့သော် ဘုရားသခင်သည် အာဗြဟံအား အချိန် ၁၂ နှစ်တစ်ကြိမ်၊ ၁၄ နှစ်တစ်ကြိမ် (၁၀ နှစ်ကျော်)အကြာတွင် ကိုယ်ထင်ပြကြောင်းကို     သတိရဆင်ခြင် သောအခါ  အာဗြဟံ၏ဘ၀ခရီးလမ်းအများစုက သာမန်သာဖြစ်သည်ကို
တွေ့ရသည် (က ၁၂း၁-၄၊၁၅း၁-၆၊ ၁၆း၁၆-၁၇း၁၂)။
အသက်တာ၏သာမန်အမှုအရေးများနောက်ကွယ်၌ ဘုရားသခင်က အလုပ်လုပ် နေသည်။ ‘‘သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို…

ကြီးမြတ်သောစာပေ

မကြာမီက ကြီးမြတ်သောစာပေဟူသည် မည်သည့်အင်္ဂါရပ်များနှင့်ပြည့်စုံကြောင်း ဖော်ပြသည့် ဆောင်းပါးတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ခဲ့ရသည်။ စာရေးသူက ကြီးမြတ်သော စာများသည် “သင့်ကို ပြောင်းလဲစေသည်။ ထိုစာပေကို သင်ဖတ်ပြီး သောအခါ သင်သည် တစ်မူထူးခြားသော သူတစ်ယောက်ဖြစ်သွားသည်” ဟု မှတ်ချက် ပေးထားသည်။
ထိုဖော်ပြချက်အရ ဘုရား၏နှုတ်ကပတ်တော်သည် ကြီးမြတ်သောစာပေအဖြစ် အစဉ် ဖော်ပြခြင်းခံရမည်။ သမ္မာ ကျမ်းစာဖတ်ရှုခြင်းသည် ကျွန်ုပ်တို့အား ပိုမို ကောင်းမွန်သူများ ဖြစ်လာအောင် စိန်ခေါ်သည်။ ကျမ်းစာပါ သူရဲကောင်းများ
အကြောင်းက ကျွန်ုပ်တို့ကို ရဲရင့်ခြင်းနှင့် ဇွဲ၊ လုံ့လ၊ ၀ီရိယ ရှိရန် လှုံ့ဆော်သည်။ ပညာကျမ်းနှင့် ပရောဖက်ကျမ်း
များက ယိုယွင်းပျက်စီးသောစိတ်ဓာတ်ဖြင့် ဘ၀ရှင်သန်ခြင်း ၏ အန္တရာယ်ကို သတိပေးသည်။ ဘုရားသခင်သည် အမျိုးမျိုးသော လူပုဂ္ဂိုလ်များအားဖြင့် စကားပြောလျက်  ကျွန်ုပ်တို့၏ အကျိုးအလို့ငှာ အသက်တာကို ပြောင်းလဲစေသည့် ဆာလံကျမ်းများ ရေးသားစေသည်။…

စိတ်နှလုံးကို စစ်ဆေးခြင်း

ချီကာဂိုပြည်နယ်၌ ရထားစီးပြီးအလုပ်တက်စဉ် မိမိမသိသော မိမိအနီး၌ ထိုင်နေသူနှင့် စကားလက်ဆုံမကျရန် ကျွန်တော်သတိထားသည်။ ၎င်းသည် စာတစ်တန် ပေတစ်တန် မရေးထားသော်လည်း (သူတစ်ပါးအတွက် အနှောင့်အယှက်မဖြစ်စေရေး) ဆောင် ရမည့် ပြည်သူ့နီတိဖြစ်သည်။ လူကိုတစ်စိမ်းတစ်ရံဟု စိုးစဉ်းမျှ သဘောမထားတတ်သော ကျွန်တော့်အတွက် ခက်လှသည်။ ကျွန်တော်က မိမိ မသိကျွမ်းသူများနှင့် စကားပြောရသည်ကို နှစ်သက်သည်။ ထိုသို့ ရေငုံနှုတ်ဆိတ်နေရသော်လည်း လူတို့ဖတ်ရှုသည့် သတင်းစာမှ အကြောင်းအရာအားဖြင့် ထိုလူအကြောင်းကို တစ်စေ့တစ်စောင်း သိနိုင်သည်။ ထို့ကြောင့် ကျွန်တော်က မည်သည့်ကဏ္ဍကို လူများဖတ်ရှုသည်ကို  ကြည့်သည်။ စီးပွားရေးလား၊ အားကစားလား၊ နိုင်ငံရေးလား၊ လတ်တလော
ဖြစ်ပျက်သည့်သတင်း အကြောင်းအရာလား။ ၎င်းတို့ရွေးချယ် ဖတ်ရှုသည့်အရာက ၎င်းတို့၏ စိတ်ဝင်စားမှုကို ပြသည်။
မိမိ၏ရွေးချယ်မှုသည် တစ်စုံတစ်ရာကို အမြဲဖွင့်ပြဖော်ပြသည်။ ကျွန်တော်တို့၏ စိတ်နှလုံး၌ ဘာရှိသည်ကို သိရအောင် ကိုယ်တော်အနေဖြင့် ကျွန်တော်တို့၏ ရွေးချယ်မှုကို…

အကောင်းဆုံးများ လာဦးမည်

ကျွန်တော်တို့မိသားစုအတွက် မတ်လသည် ဆောင်းရာသီကုန်ဆုံးခြင်းထက်မက ပို၍ အဓိပ္ပာယ်ရှိသည်။ အဘယ့်ကြောင့်ဆိုသော်`မတ်လရူးသွပ်ခြင်း´ဟုခေါ်သည့် အံ့မခန်းသော ကောလိပ်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲရာသီ ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။ စိတ်ထက်သန်သော ဘတ်စကက်ဘောဝါသနာအိုးများ ဖြစ်သည့်အလျောက် ပြိုင်ပွဲများကို ကျွန်တော်တို့ မလွတ်တမ်း အားပေးပြီး အကြိုက်ဆုံး အသင်းများကို အားတက်သရော အားရပါးရ အားပေးကြသည်။ ပြိုင်ပွဲမစမီ စော၍ ရုပ်မြင်သံကြားဖွင့်မိလျှင်  ယခုကစားမည့် ပြိုင်ပွဲအကြောင်း၊ ပွဲမ၀င်မီ ကစားသမားများ၏ ကြိုတင်လေ့ကျင့်မှုများ၊ ယခု ကွင်းထဲ၌ ကစားသမားများ သွေးပူလေ့ကျင့်ခန်း လုပ်နေသည့် ရိုက်ချက်များ စသည်ဖြင့် အသံလွှင့်သူ၏သုံးသပ်ချက်ကို  ရှုစားနားထောင် ခွင့်ရသည်။
လောက၌ နေခွင့်ရသည့် ကျွန်ုပ်တို့ဘ၀အသက်တာ သည်လည်း ဘတ်စကက်ဘောပြိုင်ပွဲ အကြိုကာလနှင့် တူသည်။ ဘ၀သည် စိတ်ဝင်စားစရာများ၊ ကတိက၀တ်များနှင့် ပြည့်နှက်နေသော်လည်း အနာဂတ်တွင်ရှိသောအရာများနှင့်  နှိုင်းမယှဉ်သာပါ။ ဘ၀သည် ကောင်းမွန်သော်လည်း အကောင်းဆုံးများ လာဦးမည်ကို သိမှတ်ခြင်းဖြင့်၊ တစ်ဖန်…

သင်ပုန်းချေလိုက်ပါ

ကျွန်တော့်မိတ်ဆွေဘော့သည် သူ့သားမင်္ဂလာဆောင်၌ အသစ်စက်စက်ဇနီးမောင်နှံအား မင်္ဂလာသြ၀ါဒစကားနှင့် အားပေးစကားပြောကြားသည်။ သူပြောသောစကားတွင် အနီးဝန်းကျင်ရှိ မြို့တစ်မြို့မှ ဘောလုံးနည်းပြတစ်ဦးအကြောင်း ပါဝင်သည်။ ထိုနည်းပြ သည် သူတို့အသင်းရှုံးသောအခါ အသွင်းခံရသည့် ဂိုးအရေအတွက်ကို သင်ပုန်းပေါ်၌ တစ်ပတ်တာလုံး ရေးထားကာ အဖွဲ့၏ရှုံးပွဲကို သတိပေးသည်။ ဘောလုံးအားကစား၌ ထိုသို့ပြုခြင်းသည် နည်းဗျူဟာကောင်း
ဖြစ်ချင်ဖြစ်မည်။ သို့သော် အိမ်ထောင်၌မူ အလွန်ဆိုးဝါးကြောင်း ပါးနပ်စွာ အကြံပြုသည်။ မိမိ၏ အိမ်ထောင်ဘက်က တစ်နည်းနည်းဖြင့် မိမိကို ၀မ်းနည်းစေခြင်း၊ မိမိအပေါ် ၀တ္တရား ပျက်ခြင်းအတွက် ၎င်းအပေါ် အာရုံမထားဘဲ သင်ပုန်းချေ လိုက်ရမည်။
ကောင်းလိုက်သည့်အကြံပင်။ ကျမ်းစာ၌ အချင်းချင်း
ချစ်ကြရန်၊ အပြစ် အမှားများကို လျစ်လျူရှုရန် မိန့်ကြားထား သည့် အမိန့်တော်များစွာ ပါရှိသည်။ မေတ္တာသည် ‘‘အပြစ် ရှိသည်ဟု မမြင်တတ်’’(၁ကော ၁၃း၅)။ အပြစ်ကို မမှတ်ထား သင့်ကြောင်း၊…

ယခုနှစ်ပင် ဖြစ်နိုင်သည်

ကျွန်တော့်အဖေသည် သင်းအုပ်ဆရာဖြစ်ပြီး နှစ်သစ် ပထမဆုံးတနင်္ဂနွေနေ့တွင် သခင်ခရစ်တော်  ပြန်ကြွလာမည့်အကြောင်းကို ၁ သက် ၄ ကို အခြေခံ၍ တရားဒေသနာဝေငှနေကြ ဖြစ်သည်။ ‘‘သခင်ယေရှု ပြန်လည်ကြွလာမည့် အချိန်ဟာ ဒီနှစ်ဖြစ်နိုင်တယ်။ သခင့်ကို တွေ့ဆုံဖို့  အဆင်သင့်ဖြစ်ပြီလား’’ ဟူသည့် သူ၏အဓိကအချက်မှာ နှစ်တိုင်း အတူတူပင် ဖြစ်သည်။ အသက် ၆ နှစ်အရွယ်က ကြားခဲ့ရသော ထိုတရားဟော ချက်ကို
မမေ့သလို ‘‘ ဤအရာသာ မှန်ကန်ခဲ့လျှင်၊ သခင်ပြန်လည် သိမ်းဆည်းမည့်သူထဲတွင် ကျွန်ုပ်ပါ၊ မပါ မသေချာဘူး’’ ဟု စဉ်းစားမိသည်။ အဖေ၊ အမေတို့က ကောင်းကင်နိုင်ငံ သွားရမှာ သေချာသည်။ ထို့ကြောင့် ကျွန်တော်လည်း သွားချင်ပါသည်။ သို့နှင့် အဖေ ဘုရားကျောင်းမှ ပြန်ရောက် လာသောအခါ ချီဆောင်ခြင်းမှာ ပါဝင်ကြောင်း သေချာရန် ဘာလုပ်ရမလဲဟု မေးခဲ့ပါသည်။…

အရွယ်စုံ ၀တ်နိုင်သည်

ကလေးအများစုကဲ့သို့ ခရစ်စမတ်ကို ကျွန်ုပ်နှစ်သက်သည်။ မျှော်လင့်ချက်ကြီးစွာဖြင့် ခရစ်မတ်သစ်ပင်အောက်ဝင်၍ မည်သည့်ကစားစရာများနှင့်အရုပ်များက ကျွန်ုပ်ကို စောင့်ကြိုနေမည်နည်းဟု တွေးခဲ့ဖူးသည်။ ထို့ကြောင့် တီရှပ်နှင့် ဘောင်းဘီတိုစသည် တို့ကို ရရှိသောအခါ ကျွန်ုပ်စိတ်ပျက်မိသည်။ အရွယ်ရောက်သူများအတွက် ပေးသော လက်ဆောင်များက ပျော်စရာ မကောင်းပါ။ လွန်ခဲ့သော ခရစ်စမတ်က ကျွန်ုပ်၏ သားသမီးများက ဒီဇိုင်းလှလှ အရောင် တောက်တောက် ခြေစွပ်တစ်စုံပေးရာ၊ အသက် ပြန်ငယ်သွား သည်ဟု ခံစားရသည်။ ‘‘အရွယ်စုံ ၀တ်နိုင်သည်’’ဟု တံဆိပ် ကပ်ထားခြင်းကြောင့် အရွယ်ရောက်သူ လူကြီးများလည်း ထိုခြေစွပ်ကို ၀တ်နိုင်သည်။
အရွယ်စုံဝတ်နိုင်ကြောင်း စာသားက ခရစ်စမတ်၏ အကောင်းဆုံး လက်ဆောင်ဖြစ်သည့် သခင်ယေရှုသည် အရွယ်စုံ လူတိုင်းအတွက်ဖြစ်သည် ဟူသော သတင်းကောင်း ကို သတိပေးသည်။ လူမှုအသိုင်းအ၀ိုင်း၌ အောက်ဆုံးအလွှာရှိ သိုးကျောင်းသားများအား
ကောင်းကင်သံစုံအဖွဲ့က  ပထမဦးဆုံး ခေါ်ဖိတ်ခဲ့ခြင်းဖြင့် ထိုအချက်ကိုသက်သေထူသည်။ တစ်ဖန်…

လေထီးခုန်သောခွေးများ

ဒုတိယကမ္ဘာစစ်က လေထီးခုန်သော ခွေးများအကြောင်းသည် ကျွန်တော့်အတွက် အံ့အားသင့်စရာပါ။ တိုက်ပွဲစမည့် D-Day (၁၉၄၄ ခုနှစ် ဇွန် ၆ ရက်) အတွက် ပြင်ဆင်စဉ် မဟာမိတ်စစ်တပ်များသည် မိုင်းများကို အနံ့ခံရှာဖွေပေးရန်၊ အန္တရာယ်နှင့် လွတ်အောင် သတိပေးမည့် အာရုံခံကောင်းသော ခွေးများလိုအပ်သည်။ ထိုခွေးများကို
အခြေစိုက်တပ်သို့ ခေါ်ဆောင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ လေထီးဖြင့် ဆောင်ယူရန်ဖြစ်သည်။ သို့သော် ခွေးများကို လေထီးဖြင့် ခုန်ချခိုင်းရမည့်ကိစ္စတွင် ခွေးများ၏ပင်ကိုယ်သိစိတ်၌ အလိုလို ကြောက်ရွံ့နေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ခွေးများသာ ကြောက်နေသည် မဟုတ်ပါ။ တာဝန်ရှိသူများကလည်း စိုးရိမ်နေကြသည်။ ရက်သတ္တပတ် အတော်အတန်ကြာ လေ့ကျင့်ပေးပြီးနောက် ခွေးများသည် သူတို့သခင် အမိန့်ပေးလိုက်သည်နှင့် ခုန်ချရဲလောက်အောင် သူတို့၏ သခင်အပေါ် ယုံကြည်ခဲ့ကြသည်။
မိမိဘာသာ အလိုလို မလုပ်နိုင်သော၊ မိမိအားကြောက်လန့်စေသော စိန်ခေါ်မှု များကို လုပ်ဆောင်နိုင်သည်အထိ…

ပဲလုံးဝမစားဘူး

ကျွန်တော့်ကလေးများ ငယ်စဉ်က ညစာစားချိန်၌ ၎င်းတို့ကို ပဲထည့်ပေးလိုက်လျှင် ‘‘မစားဘူး’’ ဟု ဗြောင်ပြောသဖြင့် ‘‘ဘာမစားတာလဲ’’ ဟုပြန်မေးရင်း ‘‘ပဲမစားပါ။ ကျေးဇူးပါ’’
ဟု ပြောရန် မျှော်လင့်မိသည်။ သို့သော် ‘‘ပဲလုံးဝမစားဘူး’’ ဟု ပြန်ဖြေသည်။ ပြောရလျှင် ယဉ်ကျေးစွာ ပြုမူပြောဆိုရန် အရေးကြီးကြောင်း ဆွေးနွေးစရာဖြစ်လာသည်။ အကြိမ်ကြိမ် အခါခါလည်း ဆွေးနွေးခဲ့ပါသည်။
အပြင်ပန်းသဏ္ဌာန် ကောင်းမွန်ယဉ်ကျေးစွာ ပြုမူ ပြောဆိုခြင်းအပြင် ကျေးဇူးသိတတ်သော စိတ်နှလုံးရှိရန် သခင်ဘုရား ကျွန်တော်တို့ကို သတိပေးသည်။ ဘုရားသခင်နှင့် ကျွန်တော်တို့၏ မိတ်သဟာယဆက်ဆံရေးတွင် ကျေးဇူး သိတတ်သောစိတ်ကို ဖော်ပြရန် အဓိက အရေးကြီးကြောင်း သတိပေးသည့် ကျမ်းပိုဒ်များ တစ်ဒါဇင်မက ရှိသည်။ ဆာလံ ၁၁၈ တွင် ‘‘ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းရန်’’ အချက်ကို နှိုးဆော်လျက် အစပြုသလို ထိုအချက် နှင့်ပင် အဆုံးသတ်ထားသည်။…